မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဦးမန်းစောဘု(မိဘမဲ့ဂေဟာ)တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၄) ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဦးမန်းစောဘု(မိဘမဲ့ဂေဟာ)တွင် ဂေဟာမှူး နှင့်တကွဂေဟာမှ ကျောင်းသား/သူ (၂၀၀) ဦးတို့အား ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော  ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန် အချက်များအား  ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း  သတင်းရရှိပါသည်။

#ar

#ayy_may_2024

Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events