လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၄) ရက်နေ့ (၀၇း၀၀) နာရီ မှ (၁၀း၀၀) နာရီအချိန်ထိ မင်းလှမြို့နယ်၊ ဘွတ်စိန်ပုကျေးရွာအုပ်စု/ ရွာ၊ သရက်တပင်ကျေးရွာအုပ်စု၊ ဆင်ပချပ်ကျေးရွာ၊ ညောင်သုံးပင်ကျေးရွာအုပ်စု/ ရွာ၊ ပြည်တော်သာရပ်ကွက်နှင့် ဇီးကုန်းလေးရပ်ကွက်တို့တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_may_2024
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)