ကော့သောင်းမြို့နယ်၊‌ ရွှေပြည်စိုးကျေးရွာနှင့် (၁၀) မိုင်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၂-၅-၂၀၂၄) ရက်နေ့တွင် ကော့သောင်း မြို့နယ်၊‌ ရွှေပြည်စိုးကျေးရွာနှင့် (၁၀) မိုင်ကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်း ဘေးအန္တရာယ်နှင့် မိုးကြိုး‌ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူများ သိရှိ စေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

#ar

#tny_may_2024

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events