မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီးကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီးကျေးရွာအုပ်စု၌ (၁၈-၅-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၂၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅,၂၀၀ိ/-)တို့အား (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်  သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#‌ayy_may_2024

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events