လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၄) ရက်နေ့နှင့် (၁၇-၅-၂၀၂၄) ရက်နေ့တို့တွင် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများအတွင်း လေပြင်းဘေးနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_may_2024
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)