နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုး​စွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတို့၌ (၁၆-၅-၂၀၂၄) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်ခန့်မှ (၁၇:၄၅)အချိန်ခန့်ထိ ဖြစ်ပွားခဲ့သော  ​​​လေဘေးကြောင့် ပျက်စီးခဲ့သော အမိုးလန်နေအိမ် (၂၇) လုံး၊ ပြိုလဲနေအိမ် (၁) လုံးနှင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းကို (၁၇-၅-၂၀၂၄)ရက်နေ့၊ ညနေ(၁၆:၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေ ကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ရာ လူနေအိမ် (၂၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၄၅၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇၇,၂၀၀/-) ၊ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁,၇၇၇,၂၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါပုံးတစ်ပုံးတို့အား ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha-sgw

#npw_may_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events