လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် (၁၆-၅-၂၀၂၄)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၂၀,၀၀၀/-)၊ အိမ်ထောင်စု (၄) စုမှ ဘေးသင့်လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၂,၀၀၀/-) အား (၁၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် သပြေစမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ သပြေစမ်းကျေးရွာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha-sgw
#npw_may_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)