လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၄) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကြီးဈေးတွင် မိုးကြိုကာလတွင် အများဆုံးဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်၊ မိုးနှောင်းကာလတွင်ဖြစ်ပွားလေ့ရှိသော မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များကို လမ်းသွားလမ်းလာပြည်သူများ၊ စျေးအတွင်းရှိစျေးဆိုင်များ၊ စျေးဝယ်ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#ygn_may_2024
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)