နေပြည်တော်တိုင်းဒေသကြီး၊ ဒက္ခိဏသီရိမြို့နယ်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၄) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဒက္ခိဏစျေးနှင့် ရန်အောင်မြင်စျေးများသို့ မိုးကြိုကာလတွင် အများဆုံးဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်၊ မိုးနှောင်းကာလတွင်ဖြစ်ပွားလေ့ရှိသော မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_may_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events