ပေါင်မြို့နယ် ဇာကဒွန်းရပ်ကွက်နှင့် ဝါရီရူရပ်ကွက်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊  ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၄) ရက်နေ့တွင်  ဇာကဒွန်းရပ်ကွက်နှင့် ဝါရီရူရပ်ကွက်တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  သဘာဝဘေး အန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#mon_may_2024

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events