လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄) ရက်နေ့မှ (၁၄-၅-၂၀၂၄) ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လတ်တလောသောက်သုံးရေ လိုအပ်လျက် ရှိသော ရေတွင်းကုန်း၊ လှိုင်းဘုန်း၊ အလယ်ကျော်ရေကျော်၊ ကဇောင်း၊ ကြက်ရှာကျေးရွာအုပ်စု (၅) အုပ်စု၊ စုစုပေါင်းကျေးရွာ (၃၆) ရွာမှ အိမ်ခြေ (၃,၉၀၃) လုံး၊ လူဦးရေ (၁၄,၅၀၅) ဦးတို့အတွက် (၁)အိမ်လျှင် သောက်သုံးရေ (၅)ဂါလံနှုန်းဖြင့် စုစုပေါင်းရေဂါလံ (၁၉,၅၁၅) ဂါလံအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#ayy_may_2024

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events