လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄)နေ့မှစ၍ ကလောမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေ ထောက်ပံ့သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၁၄-၅-၂၀၂၄) ရက်နေ့တွင် ရေဂါလံပေါင်း (၄,၃၀၀) ကျော် ထောက်ပံ့ပြီးစီးပြီဖြစ်၍ ကလောမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စု (၂၅) ခု သို့ မေလအတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်သူများ၏ သောက်သုံးရေလိုအပ်ချက် ဂါလံ (၁၅၀,၀၀၀) ကျော်ကို ပြည့်မီအောင်ထောက်ပံ့နိုင်ရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ar
#shn_may_2024
Source: ရှမ်းပြည်နယ်ဦးစီးမှုးရုံး(ဘစမ)