လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ သီရိမင်္ဂလာစျေး၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်၊ မြို့ဦးဓမ္မာရုံ ၊ အောင်ဇေယျ၊ ရေအိုးစင်၊ မြွေရိုးလေး၊ ပတ္တာ၊ ရှမ်းချောင်း၊ ငှက်ပျောတော၊ သပြေပင်၊ နောင်ဘို၊ ကြောင်ရေ၊ကံသာ၊ သော်မှော်ကုန်း၊ ကျွန်းကုန်း ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်တို့ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_may_2024
Source: နေပြည်တော်တိုင်းဦးစီးမှုးရုံး(ဘစမ)