လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၂၄) ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ ဇေယျာသီရိမြို့နယ်၊ သုဇနကာရီနယ်စပ်ဒေသတိုင်း ရင်းသားလူငယ်ဖွံဖြိုးရေးပရဟိတသာသနာပြုကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၁၁၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဘောပင်၊ ခဲတံနှင့်ဗလာစာအုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_may_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)