ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၅.၂၀၂၄) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၁း၃၀) အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင် စာသင်တိုက်မှ သီလရှင် (၅၀) ပါး၊ (၁၃:၀၀)  အချိန်မှ (၁၄:၃၀) အချိန်အထိ ကျောင်းစုဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ သံဃာ(၆၀)ပါး၊ ကျောင်းသား/သူ(၉၀)ဦး၊ စုစုပေါင်း(၂၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဘောပင်၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ar

#npt_may_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events