လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၄) ရက်နေ့၊ (၁၅:၁၀) နာရီအချိန်ခန့်၌ တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာတွင် မသော်တာဇင်၊ (၂၅)နှစ်၊(ဘ) ဦးအောင်ဇော်မိုး၊ ရေလုပ်ငန်းလုပ်ကိုင်သူသည် ၎င်း၏ နေအိမ်မြောက်ဘက် ပေ(၁၀၀)ခန့်အကွာရှိ သမှဲ့ပင်အောက်တွင် ငါးဖမ်းပိုက်အားဖာနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါသဖြင့် အဆိုပါမိုးကြိုးပစ်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၁း၅၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစုများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ygn_may_2024
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)