လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၄)ရက်နေ့၊ (၈း၃၀)အချိန်မှ (၁၀း၀၀) အချိန်ထိ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၌ စာသင်သား/သူ (၁၀၀)ဦး၊ (၁၀း၃၀)အချိန်မှ (၁၂း၃၀)အချိန်ထိ၊ ရတနာဒိပ္ပစာသင် တိုက်တွင် စာသင်သား/သူ (၁၀၀)ဦးနှင့် (၁၀း၃၀)အချိန်မှ (၁၂း၃၀)အချိန်ထိ၊ ဝေပုလ္လစာသင်တိုက်တွင် စာသင်သား/သူ (၅၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၂၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ဘောပင်နှင့်ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_apr_2024
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)