လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ်(၆)ရပ်ကွက်တွင် (၁၁.၃.၂၀၂၄)ရက်နေ့၊ (၁၀း၂၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၁၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၂၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၅,၂၀ဝိ/-)နှင့် ထောက်ပံ့ငွေ (၁၉၁,၀၅၈/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃)အိမ်ထောင်စာတို့အား (၁၃.၃.၂၀၂၄)ရက်နေ့၊ (၁၁း၁၅)နာရီအချိန်၌ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_mar_2024
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)