ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(မြို့နယ်အဆင့်) အမှတ်စဉ်(၃/၂၀၂၄)ကို (၂၆-၂-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပျဉ်းမနားမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ဌာနဆိုင်ရာ တာန်ရှိသူများ နှင့် သတင်းတန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခဲ့ပါသည်။ အဆိုပါ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (မြို့နယ်အဆင့်) အမှတ်စဉ် (၃/၂၀၂၄)ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
#ha_ar
#npt_feb_2024
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)