လယ်ဝေးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(မြို့နယ်အဆင့်)၊ အမှတ်စဥ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဥ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို (၁၉-၂-၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀)အချိန်ခန့်တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး  အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပရဟိတအသင်းများမှ သင်တန်းသားသင်တန်းသူ (၃၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက်ထိ သင်ကြားပို့ချမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#npw_feb_2024

Sourceပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events