လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စု၊ ဇီးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့ပြီးစီးမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စု၊ ဇီးကုန်းကျေးရွာ၌ (၁၆-၂-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လောင်ကျွမ်းအိမ်ခြေ (သစ် ၁)လုံး၊ (ဝါး ၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၄,၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၃)အိမ်ထောင်စာတို့အား (၁၆-၂-၂၀၂၄)ရက်နေ့ (၁၂:၁၅)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_fir

#ayy_feb 2024

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events