ပုလောမြို့နယ်ရှိ အ.မ.က(၃) အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၄)ရက်နေ့ ၊ မွန်းလွဲ (၂:၀၀)နာရီချိန်တွင် ပုလောမြို့နယ်ရှိ အ.မ.က(၃) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ၊ ကျောင်းသား/သူများအတွက် ဘောလ်ပင်နှင့်ခဲတံများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_feb_2024

Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events