ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ တို့၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရေးရန်နှင့် အန္တရာယ်ကျရောက်မှုလျော့နည်းစေရန် ဝါးထရံ၊ သွပ်အစရှိသည်များထောက်ပံ့မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် (၁-၂-၂၀၂၄)ရက်နေ့ ၊ (၁၂:၀၀) အချိန်တွင် တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ကွမ်းတောကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန် အန္တရာယ်‌ကျရောက်မှု‌ ‌လျော့နည်းစေရန်ရည်ရွယ်၍ အမှီအခိုကင်းသည့် သက်ကြီးရွယ်အိုများ၊  အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများမှ လိုအပ်လျက်ရှိသောနေအိမ်များနှင့် ကျေးရွာအတွင်း လိုအပ်လျက်ရှိသော (ဆင်းရဲနွမ်းပါးမှု/ကြံ့ခိုင်မှုမရှိသည့်) နေအိမ်များ၊ မဖြစ်မနေပြုပြင်ရန် လိုအပ်သော နေအိမ် များအား ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်အတွက် ဝါးထရံ၊  သွပ် အစရှိသည်များကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#prep_sgw

#npw_feb_2023

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events