ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ မူလတန်းလွန်ကျောင်း(အောင်သုခ)ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ မူလတန်းလွန်ကျောင်း(အောင်သုခ)ကျောင်း၌ ကျောင်းသား/သူ (၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အကြောင်းသိကောင်းစရာများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြာခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

#ar

#tny_jan2024

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events