ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပျဉ်ကတိုးကုန်း ကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်ကာလအတွင်း ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပျဉ်ကတိုးကုန်းကျေးရွာတွင် (၂၃-၁၂-၂၀၂၃)ရက်နေ့၌ ကျေးရွာသူ/သား(၁၀၀)ဦးခန့်အား ဦးစီး ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ထောက်ပံ့နေမှုများ၊ သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား (၁၁:၃၀)နာရီအချိန်မှ (၁၂:၅၀) နာရီအချိန်ထိ ဆွေးနွေးဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_dec_2023

Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

 

Sign Up

Upcoming Events