လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လ ပတ်ကာလအတွင်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာတွင် (၂၀-၁၂-၂၀၂၃) ရက်နေ့၌ ကျေးရွာသူ/သား (၆၈)ဦးခန့် အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထောက်ပံ့နေမှုများ၊ သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များအား (၁၃း၁၅) နာရီအချိန်မှ (၁၄း၃၀) နာရီအချိန်ထိ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_dec_2023
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)