လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ မဟာစေတီ လမ်းတွင် (၈-၁၂-၂၀၂၃)ရက်နေ့ (၁၇း၄၀)နာရီ အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦး အတွက် (၁)ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၅၀,၀၀ဝိ/-)တိတိတို့အား (၁၂-၁၂-၂၀၂၃)ရက်နေ့ (၁၅း၂၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်မိသားစု၀င်များ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_dec_2023
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)