ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ (တိုင်းအဆင့်) သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ(တိုင်းအဆင့်)သင်တန်း (၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ar

#npw_dec_2023

Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events