လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်း၌ သဘာဝ‌‌ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချ‌ရေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးခန့်အား သဘာဝ‌‌ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချ‌ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် စာရေးကိရိယာများ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_dec2023

Source:        လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events