လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၃၀-၁၁-၂၀၂၃)ရက် နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၀၀၀၀၀ိ/-)၊ အိမ်ထောင်စု (၂)စုမှ စုစုပေါင်းလူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၈၉၀၀ိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၈၉၀၀ိ/-)ကျပ်တို့အား (၄-၁၂-၂၀၂၃)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_dec_2023
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)