ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ပြောင်းရွှေ့နေအိမ်များရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ရေကြည် မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် (၂၁-၁၁-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားသောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု (၄) စုမှ စုစုပေါင်း လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၄၂၅၂၀၀/-) ကျပ်အား (၂၃-၁၁-၂၀၂၃) ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် တာဝန်ရှိသူ များရှေ့မှောက်၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_nov2023

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)

Sign Up

Upcoming Events