မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်မှ

(၁၂:၀၀)နာရီအချိန်အထိ  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းအုပ် ကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ဒုတိယနှစ် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ဦးစီး ဌာနမှ  လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သတ်သော ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့်  ပလပ်စတစ် ညစ်ညမ်းမှု အကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#ayy_nov2023

Sign Up

Upcoming Events