လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၁:၀၀)နာရီအချိန်အထိ အုတ်ဖိုမြို့နယ်(အ-ထ-က)အုတ်ဖို ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၁၅၀)ဦးခန့်တို့အား သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး သရုပ်ပြဆွေးနွေးဟောပြောခြင်း၊ ဘောပင်နှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အမေးအဖြေများပြုလုပ်ဆွေးနွေးပြီး ဗလာစာအုပ်များ ဝေငှပေးခြင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ မိုးကြိုးဘေး ဗီနိုင်းနှင့် ငလျင်ဘေး ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါဆွေးနွေးဟောပြောပွဲသို့ မီးသတ်ဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာနတို့မှ ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_nov2023