သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၃)ရက်နေ့ ၊(၀၉:၃၀)အချိန်မှ (၁၁:၃၀)အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က-ခွဲ(ကျောင်းကုန်း) စာသင်ကျောင်း၌ ကျောင်းသား/ သူ (၄၅၀)ဦးနှင့် (၁၃:၀၀)အချိန်မှ (၁၄:၃၀)နာရီအချိန်ထိ အ ထ.က-ခွဲ(ညောင်လူး)စာသင်ကျောင်း၌ ကျောင်းသား/ သူ(၂၀၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၆၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဗီနိုင်း ပိုစတာများပေးအပ်ခြင်း၊ ဘောလ်ပင်၊ ခဲတံနှင့် ဗလာစာအုပ်များ ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#npt_nov2023

Sign Up

Upcoming Events