လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်စု၊ အောင်ချမ်းသာ(၂)လမ်း၌ (၂၈-၁၀-၂၀၂၃) ရက်နေ့ (၁၉:၁၅) နာရီအချိန်ခန့်တွင် သီတင်းကျွတ်မီးထွန်းရာ ဖယောင်တိုင်မီးမှ မီးကူး စက်လောင် ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် နေအိမ်(၂၉)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ခြေ (၂၉)လုံးမှ အိမ်ရှင် ဒေါ်အေးမူအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) လူဦးရေ ကျား(၄၆)ဦး၊ မ(၄၂)ဦး၊ ပေါင်း(၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၄,၈၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၄,၈၀ဝ/-)၊ အိမ်ထောင်စု (၂၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၂၉)စုစာတို့အား (၇-၁၁-၂၀၂၃) ရက်နေ့ (၁၀:၁၅) အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_fir
#ygn_nov2023