အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခန်းမတွင် (၂၀-၁၀-၂၀၂၃) ရက်နေ့ (၁၀း၀၀) နာရီအချိန်၌ ”အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ” ခေါင်းစဥ်ဖြင့် သဘာဝ ဘေးအသိပညာပေးဟောပြောမှုနှင့် မိုးခေါင်ရေရှားဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_Oct_2023
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events