ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၌ (၂၀-၉-၂၀၂၃) ရက်နေ့၊ တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာတွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါကမ်းပါး အရေးပေါ်ကာကွယ်ရေး လုပ်ငန်းအား တိုင်းဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်း၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၈) ဦးတို့အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝ/-) နှင့် ဆန်ရိက္ခာဖိုး (၁၀၀,၈၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၀,၈၀ဝ/-)  အား (၂၃-၁၀-၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ygn_oct 2023

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events