ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး ခရိုင်၊ လှည်းကူးမြို့နယ်တွင် (၁၁-၁၀-၂၀၂၃) ရက်နေ့မှ (၁၂-၁၀-၂၀၂၃) ရက်နေ့အတွင်း ငမိုးရိပ် ချောင်းရေမြင့်တက်မှုနှင့် မိုးဆက်လက်ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ကယ်ဆယ်ရေး စခန်းများသို့ ထပ်တိုးရောက်ရှိလာသည့် အိမ်ခြေ (၈၇၈)လုံး၊ အိမ်ထောင်စု (၈၇၈)စုမှ လူဦးရေ (၃၆၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၇,၆၀၆,၂၀ဝိ/-) အား (၁၄-၁၀-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်နာရီတွင် လှည်းကူးမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကွပ်ကဲရေးရုံးသို့ သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#ygn_Oct_2023

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events