ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘူတာလမ်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ် ရပ်ကွက်၊ ဘူတာလမ်းတွင် (၄-၁၀-၂၀၂၃) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄)အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀ိ/-)တို့ကျပ်အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၃:၀၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_Oct_2023

Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events