ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ တို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၉.၂၀၂၃)ရက်နေ့မှ (၅.၁၀.၂၀၂၃)ရက်နေ့ အတွင်း ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၇၁)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၉,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၄၉,၁၀၀ိ/-) ကျပ်တို့အား (၁၀-၁၀-၂၀၂၃)ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_Oct_2023

Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events