ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊‌ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေများစီးဆင်းကာ ကဒတ်ချောင်းရေလျှံမှု ကြောင့် မြေနိမ့်ပိုင်းနေရာများသို့ရေ (၃)ပေခန့်ဝင်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင် ရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် ကယ်ဆယ်‌ရေးစခန်း(၃)ခုဖွင့်လှစ်ထားရာ နေရာများသို့ စတင်ပြောင်းရွှေ့ခဲ့သော ပြောင်းရွှေ့အိမ်ခြေ (၂၃၉)ဦး၊ အိမ်ထောင်စု(၂၃၉)စု၊ ကျား (၄၂၄)ဦး၊ မ (၅၃၂)ဦး၊ စုစုပေါင်းလူဦးရေ (၉၅၆)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂,၀၀၇,၆၀ဝိ/-) အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_fld
#mon_Oct_2023
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events