လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၉-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှု ကြောင့် နေအိမ် (၁၀)လုံး ကြိုတင်ပြောင်းရွှေ့ သည့် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ ကျား(၁၅) ဦး၊ မ(၁၉)ဦး၊ ပေါင်း(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၁,၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၇၁,၄၀ဝိ/-)တို့အား (၂၈-၉-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်နာရီတွင် ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ha_rbe
#ygn_sep_2023
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)