ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၆:၅၅)အချိန်တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၇၅,၆၀ဝိ/-)၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask(၇၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု (၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ (၁၇)တောင့်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၇)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၇၈၂,၆၁၂/-)ကျပ်တိတိတို့အား (၂၇-၉-၂၀၂၃)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_sep2023

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events