အမျိုးသမီးအိမ်တွင်းမှု သက်​မွေးလုပ်ငန်းပညာသင်တန်း​ကျောင်း(ပုသိမ်)၌ သဘာ၀​ဘေးနှင့်ပတ်သက်​၍ အသိ ပညာပေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၉-၂၀၂၃)ရက်​နေ့တွင် ပညာ​ရေးနှင့်​ လေ့ကျင့်​ရေးဦးစီးဌာန လက်​အောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်​မွေးလုပ်ငန်းပညာသင်တန်း​ကျောင်း(ပုသိမ်)၌ သင်တန်းသူနှင့် ဆရာမ (၃၀) ဦးခန့်တို့အား ဦးစီးဌာန၏ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ သဘာ၀​ဘေးနှင့်ပတ်သက်​သော အသိပညာဗဟု သုတများ (မီး​ဘေး၊ ​ရေ​ဘေး၊ ​လေ​ဘေး၊ ငလျင်​ဘေး၊ မိုးကြိုး​ဘေး၊ ​မြေပြို​ဘေး၊ ဆူနာမီ​ဘေး)၊ သဘာ၀​ဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး​နောက် ရှောင်ရန် /​ဆောင်ရန်များအား (၁၀:၃၀)နာရီအချိန်မှ (၁၂:၁၅)နာရီအချိန်အထိ အသိပညာ​ပေး​ဆွေး​နွေးခဲ့ပြီး လက်ကမ်းစာ​စောင်များ ​ဝေငှ​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#ayy_sep2023

Sign Up

Upcoming Events