ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)နှင့် လူဦးရေ(၂၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄၆,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၅၄၆,၂၀၀/-)ကျပ်တို့အား(၂၇-၉-၂၀၂၃)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe

#mon_sep2023

Sign Up

Upcoming Events