လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာတွင် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့နေအိမ်များရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အတူ  ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်‌ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ (၂၀-၉-၂၀၂၃) ရက်နေ့၊ (၀၂:၃၀) အချိန်တွင် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သော လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ ( ၄၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၉)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉, ၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၉, ၉၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၄၆,၀၃၆)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းပုံး (၄)ပုံးတို့အား (၂၂-၉-၂၀၂၃)ရက်နေ့၊ (၁၆:၃၀) အချိန် တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_reb

#npw_sep2023

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events