ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်တောင်ပိုင်းခရိုင်၊တွံ့တေးခရိုင်၊ဒလမြို့နယ်၊ဆာပါချောင်ကျောင်းစုရပ်ကွက်၌ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါ ချောင်ကျောင်းစုရပ်ကွက်၌ (၂၃-၉-၂၀၂၃) ရက်နေ့၊ တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာတွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ပြောင်းရွှေ့ဖျက်သိမ်း အိမ်ထောင်စု (၈) လုံး၊ လူဦးရေ (၃၇) ဦးတို့အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၈၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၇၇၇၀ဝိ/-) နှင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၂၀) စု၊ လူဦးရေ(၉၃)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၁၉၅၃၀ဝိ/-)၊  စုစုပေါင်းထောက်ပံ့ငွေ (၁၀၇၃၀၀ဝိ/-)  အား (၂၃-၉-၂၀၂၃) ရက်နေ၊ ညနေ (၁၈:၃၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ygn_sep_2023

Source:  ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events