ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၌ ကမ်းပြိုဘေးအတွက် ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်တွင် ၂၀-၉-၂၀၂၃ ရက် နေ့၊ (၁၆:၀၀) နာရီအချိန်၌တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာ တွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုကြောင့် မျှောပါအိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦး ရေ(၄၉)ဦးတို့ ကမ်းပြိုဘေးသင့်ခဲ့ပါသဖြင့် အဆိုပါကမ်းပြိုဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၁၀၂၉၀ဝိ/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁၀) စုစာ  ပစ္စည်းတန်းဖိုး (၄၆၃၆၄ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၅၆၆၅၄ဝိ/-)  အား (၂၂-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ygn_sep_2023

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events