ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုအတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုတို့၌ (၁၅-၉-၂၀၂၃) ရက်နေ့နှင့် (၁၇-၉-၂၀၂၃) ရက်နေ့တို့တွင်  ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့်အိမ်ခြေ(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀၀/-)၊ စုစုပေါင်းလူဦးရေ(၁၀၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၂၂၈၉၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၇၂၈၉၀၀/-)တိတိအား (၁၉-၉-၂၀၂၃)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_sep2023

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events