သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ဆရာမိုးဒီပညာ ရွှေပြည်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၆၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။

Source: ထားဝယ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#tny_sep 2023

 

 

Sign Up

Upcoming Events